ကျွန်တော် ဒီနေ့တော့ Access Manager software လေးအကြောင်းကိုအနည်းငယ်ပြောပြ ရင်းအသုံပြုပုံလေး
ကိုပါ ပုံနှင့်တစ်ကွ ရှင်းပြပေးသွားပါမယ်။
1.Access manager ဆိုတာကတော့ (ခုကျွန်တော်တင်ပေးတဲ့ဆော့ဝဲလေး) ကျွန်တော်တို့ဝတ်ဆိုဒ်တစ်ခုမှာ ၀င်တယ် အကောင့်နဲ့ပါတ်ဝတ်တွေ ပြုလုပ်တယ် ။။။အဲ့ဒီလို့ ၀တ်ဆိုဒ်နာမည်နဲ့ အကောင့်နာမည်တွေ ပါတ်ဝတ်တွေ များနေ၇င် ရောထွေး စွာနဲ့ မှားတတ်ကြပါတယ်။။ ပြီးတော့ gtalk account တို့ဘာတို့က အစပေါ့ နာမည်နဲ့ တစ်ကွ ပါတ်ဝတ်တွေ ပါ များနေရင် မမှတ်မိဖြစ်နေရင်ပေါ့။။ ပြီးတော့ မိမိစက်မှာ ပါတ်ဝတ်ခံထားတဲ့ data အချက်အလက်တွေကို နာမည် ပါတ်ဝတ် တည်ရှိရာနေရာနှင့် တစ်ကွ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းဖေါ်ပြပေးတဲ့ ဆော့ဝဲလေး တစ်ခုဖြစ်ပါတယ်။။။
2.အသုံးပြုပုံကိုမရှင်းပြမှီ ဆော့ဝဲကိုအရင်ဆုံး ဒေါင်းလုပ်ချကြည့်ပါအုံး....
ဒီနေရာမှာ ဆော့ဝဲဒေါင်းပါ။။ 2Mb ရှိပါတယ်။
3.အသုံးပြုပုံကတော့ ကျွန်တော် အလွယ်ကူဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ပုံလေးနဲ့ရှင်းပြသွားပါမယ်..
ကျွန်တော်အဓိက ကျမယ့် နေရာလေးတွေကိုပဲ ပြောပြပါမယ်...
1..ကျွန်တော်တို့ နာမည် name တွေအများကြီးနဲ့ ပါတ်ဝတ်တွေကို တစ်နေရာထဲမှာတစ်စုတစ်စည်းထဲ ထားပြီးပြီ ဆိုပါစို။။အဲ့လိုထားပြီးရင် တစ်ခြားသူတွေက ရော ကျွန်တော်တို့ရဲ့ access manager ကိုဖွင့်ပြီး ကြည့်လို့မရဘူး လား ? ရပါတယ်။။အဲ့လိုကြည့်လို့မရအောင် ကိုယ်တစ်ယောက်တည်းပဲ ကြည့်လို့၇အောင် ဖွင့်လို့၇အောင် ကျွန်တော်တို့က access manger ကိုပထမဆုံး Master Password တစ်ခု ခံပေးထားဖို့လိုပါမယ်..သူ့ကိုဘယ်လို password ခံပေးရလဲဆိုရင် အောက်မှာပုံလေးနဲ့ပြပေးပါမယ်..
ပထမဆုံး Access manager ကိုဖွင့်လိုက်ရင် အောက်ကပုံလေးမျိုးမြင်ရပါမယ်..
ဒုတိယအနေနဲ့ Tools ကိုနှိပ်ပါ။ပြီးရင် set master password ကိုနှိပ်ပါ ။အာက်ကပုံမျိုးလေးပါ။။
အဲ့မှာ ကျွန်တော်တို့ enter new password မှာမိမိတို့ထည့်ချင် ပါတ်ဝတ်ထည့်ပေးလို့ရပါတယ်။။ confirm new password လည်း ခုနားက password အတိုင်းပါပဲ။။။ ပြီးရင် ok ကိုနှိပ်ပါ အဲ့ဆိုရင် ကျွန်တော့် access manager ကို ဖွင့်ဖို့အတွက် password ခံထားလိုက်ပါပြီ။။။
3.ပြီးရင် ကျွန်တော်တို့ ခုအပိုင်းကတော့ မိမိရဲ့ ၀က်ဆိုဒ်နာမည် ၀င်ထားတဲ့ အကောင့်နာမည်နဲ့ ပါတ်ဝတ်တွေ ပြီး တော့ Gtalk နာမည်နဲ့ ပတ်ဝတ်တွေ မိမိစက်ထဲက password ခံထားတဲ့ data ဖိုင်တွေကို ထည့်ရမယ့်အပိုင်း ဖြစ်ပါတယ်။။အောက်မှာပုံလေးနဲ့ ပြပေးပါ့မယ်။။။
ဒီနေရာမှာ file ကနေ new ကိုနှိပ်ပါ။ဒါမှမဟုတ် ဘေးနားမှာ ရှိတဲ့ new ဆိုတဲ့ပုံလေးကို နှိပ်လိုက်ရင်လည်းရပါတယ်။။။အဲ့လိုနှိပ်လိုက်ရင်အပေါ်မှာထပ်နေတဲ့ box လေးကျလာပါမယ်။။အဲ့ဒီဘောက်ထဲမှာ...
1.Title ဆိုတဲ့နေရာမှာမိမိတို့ သက်ဆိုင်ရာ ခေါင်းစဉ်လေးတပ်ပေးပါ။
2.user name ဆိုတဲ့နေရာမှာ မိမိတို့ ၀င်ထားတဲ့ Gtalk name ဒါမှမဟုတ် ၀က်ဆိုဒ် အကောင့်ဝင်ထားတဲ့ နာမည် လေးကိုထည့်ပေးပါ။(ဥပမာ kohninmg89@gmail.com ဆိုတဲ့ပုံစံမျိုးလေးပေါ့။)
3.password ဆိုတဲ့နေရာမှာ မိမိတို့အကောင့်ဝင်ထားတဲ့ ၀က်ဆိုဒ်ခုနားက username ရဲ့ ပါတ်ဝတ်ကိုထည့်ပေးပါ။
4.Pasephrase ဆိုလည်း ခုနားက password ကိုပဲ ပြန်ထည့်ပေးပါ။။
5.Document ဆိုတဲ့နေရာမှာ တော့ မိမိတိုက စက်ထဲမှာရှိတဲ့ ဖိုင်ကိုပြောချင်တာဖြစ်တဲ့အတွက် သူ့ဘေးနားမှာရှိတဲ့ browse ကိုနှိပ်ပြီး မိမိတို့ ထားချင်တဲ့ ညွန်ပြချင်တဲ့ file ကိုထည့်ပေးပါ။(မှတ်ချက်အပေါ်မှာပြထားသော အကောင့်နာမည်နှင့်ပါတ်ဝတ်သည် ကွန်ပျူတာထဲမှ ဖိုင်တစ်ခုခုကို ပါတ်ဝတ်ခံထားမှသာလျင် မိမိတို့ခံထားသော ဖိုင်ကိုထည့်ပါ။တစ်ခြား gtalk တို့ web site တို့ဆိုလျင် ထည့်၇မလိုပါ။။တစ်ခုခု ရေးလိုက်ပါ)
6.Expiry date ဆိုတဲ့နေ၇ာမှာဘေးမှာ ရှိတဲ့ select date ကိုနှိပ်ပြီး ရွေးပေးပါ။
7. type ဆိုတဲ့နေရာမှာ မိမိတို့ ဘယ်အထဲက ဘယ်နေရာက ဟာကို အသုံးပြုမှတ်တာပါဆိုတာကို ပြချင်တဲ့အတွက် သူ့ရဲ့အမျိုးအစားကို ဆိုလိုချင်းဖြစ်ပါတယ်။။။ပုံလေးနဲ့ကြည့်ပါ။။
email အကောင့်နာမည်နဲ့ password ကိုမှတ်တယ်ဆိုရင် email account ကိုရွေးပါ ။
web site တွေက အကောင့်နဲ့နာမည်ကို မှတ်တယ်ဆိုရင် website login ကိုရွှေးပေးပါ။။။
7.sensitivity ဆိုတဲ့နေရာမှာ private ဆိုတာလေးကိုရွေးပေးပါ။
ပြီးရင်အောက်မှာ ok ဆိုတာကို နှိပ်လိုက်ရင် ကျွန်တော်တို့ရဲ့အကောင့်တစ်ခုနာမည်နဲ့ ပါတ်ဝတ် တစ်ခုကို မှတ်ထားပြီးသားဖြစ်သွားပါပြီး နောက်ထပ် အကောင့်တစ်ခုနဲ့ ပါတ်ဝတ်တစ်ခုကို ထည့်ရင်လည်းအဲ့တိုင်းပါပဲ
အပေါ်မှာပြထားတဲ့ file ကနေ new ကိုသွားပြီး ထည့်လိုက်ရုံပါပဲ။။။အဲ့လိုအများကြီးထည့်လိုက်ပြီဆိုရင် အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ဖြစ်လာမှာပါ။။
ဘယ်ဘက်အခြမ်းက ခေါင်းစဉ်တွေ ကတော့ မိမိတို့ခုနားက ထည့်ခဲ့ တဲ့ title တွေပါပဲ။။တစ်ခုခြင်းဆီကိုနှိပ်လိုက်ရင် ဘေးမှာ သူ့ရဲ့ အကောင့်နာမည်ရယ် ပါတ်ဝတ်ရယ်ကို တစ်ခါတည်း ပြထားပေးပါတယ်။။။အကောင့်နာမည်တစ်ခုနဲ့ပါတ်ဝတ်ကိုမသိတော့ဘူးဆိုရင် ခုနားက ခေါင်းစဉ်တွေကိုနှိပ်ပြီး ဘေးနားမှာ ရှိတဲ့ ဘောက်မှာ ကော်ပီလုပ်ပြီး မိမိတို့သက်ဆိုင်ရာ ဆိုဒ်များ gtalk များမှာ တစ်ခါတည်း past လုပ်ပြီး အသုံးပြုလို့ရပါတယ်။။။
ခုနားက ကျွန်တော်တို့ master password ခံထားပြီးပါပြီး နံပါတ် 1 မှာပါ။အဲ့တော့ ကျွန်တော်တို့ access manager ကိုပိတ်ပြီး ပြန်ဖွင့်ရင် ခုအောက်ကပုံမျိုးလေး ထွက်လာပါမယ်..
ခု ပုံမှာ ပြထားတဲ့အတိုင်း password နေ၇ာမှာ ကျွန်တော်တို့အပေါ်မှာ လုပ်ထားတဲ့ master password ကိုထည့်လိုက်ပါခင်ဗျာ.....
ကျန်တဲ့ ဒီဆော့ဝဲမှာပါတဲ့ functions တွေကို မိမိပါသာ ဆက်ကြည့်ပြီး လုပ်ကြပါ။။ကျွန်တော့်အနေနဲ့ကတော့ အဓိကအသုံးပြုပုံကို ပဲ ရှင်းပြပေးသွားခြင်းဖြစ်ပါတယ်....အဆင်မပြေလျင် ပြန်ပြောပါခင်ဗျာ။။။။။။။။






0 ဦးကော့မက်ပေးသွားပါသည်:
Post a Comment
ကော့မက်ပေးရာတွင် ညစ်ညမ်းသော ရိုင်းစိုင်းသော စကားလုံးများ မရေးမိပါရန် ကြိုတင်
တောင်းပန်အပ်ပါသည်